Samstag, 10. Februar 2007

I MISSSSSSSSSSSS U SO MUCH...*oe



Mycodesplace - the best myspace site
more at mycodesplace.com

အချစ်ဦး

ပန်း၏ရနံ့ထဲ
ကိုယ်ယောင်ဖျောက်ပြီး စီးမျောလွင့်ပါလာသော
လေညှင်းလေးကို
ကျွန်တော့် ပြတင်းမှ အမှတ်မထင် တွေ့လိုက်ရပါသည် ။
လေညှင်းလေးသည်
နေ့ယောင်ဆောင်တတ်၍ ညယောင်လည်းဆောင်တတ်ကာ
နေ့နေ့ညည ကိုယ်ယောင်ပြတတ်သော သူယောင်မယ်လေး ဖြစ်ပါသည် ။

ကျွန်တော့်ဘ၀၏ တစ်ဖက်ကမ်း၌
ယနေ့ထက်တိုင် ပြေးလွှားဆော့ကစားလျှက်ရှိသော
လေညှင်းလေးသည်
မနေ့ဆီက ကျွန်တော့်ဝိညာဉ်ကို ခိုးယူသွားသော
လေညှင်းလေးပင် ဖြစ်ပါတော့သည် ။ ။
- ဇော်ဟိတ် -
Mycodesplace - the best myspace site
more at mycodesplace.com

ha ha ha :)

Mycodesplace - the best myspace site
more at mycodesplace.com

Mycodesplace - the best myspace site
more at mycodesplace.com
Mycodesplace - the best myspace site
more at mycodesplace.com

will u be happier


ကိုယ့်နာမည်လေးရေ....
ငါတော့ ရူးချင်လာပြီကွယ့်...
မင်းအတွက် ဘာတွေက မရယ်မပြုံးနိုင် ဖြစ်စေသလဲကွယ့်..၊
တော်ပါပြီ..လောကကြီးကို ပြန်ပြီးမေးခွန်းမထုတ်တော့ဘူး။

အားလုံးဟာ အမှားများစွာနဲ့ အသားကျနေပြီသားပါ..
ငါတို့ worldဟာ အလုံးကြီးလို့ ပြောလို့ .. .. .. ..
အသတ်ခံခဲ့ ရတဲ့သူတွေ ရှိခဲ့ဘူးတယ်ဆိုပဲ..။

အချစ်ဆိုတာ...
ဘာလဲလို့ မယုံကြည်နိုင်သေးတဲ့ သူအတွက်..
ငါ ဗီလိန်လုပ်ပြီး မပြောပြတော့ဘူး..။
လူတစ်ယောက် အတွက် ....
လူတစ်ယောက်က မလင်းလက်နိုင်တဲ့အခါ
ဘာလုပ်ရမှာလဲ....
(ကြယ်တွေကတော့ ကြွေကျတတ်ကြရဲ့ ... ... ...။)

အချစ်ဆိုတာ...
အနစ်နာခံလိုက်လျောမှု့တွေလည်း မဟုတ်ဘူး၊
မင်းစိတ်ကြိုက်လိုက်ကတတ်တဲ့ ..ပြဇာတ်တစ်ပုဒ်လည်းမဟုတ်ဘူး
မင်းရဲ့ နောက်က တကောက်ကောက်လိုက်ကပ်နေတဲ့
အရိပ်တစ်ခု မဟုတ်ဘူး...
တကယ်တော့... .. အချစ်ဆိုတာ..
မင်းကိုယ်တိုင် မသိလိုက်ဘဲ မင်းခေါင်းထဲကို
အရင်ဆုံး ရောက်နှင့်နေတဲ့ ပိုးမွားတွေပေါ့
(ငါတို့ ဟာ ...ဒီပိုးမွှားတွေကို တစ်သက်လုံး..
ဓါတ်မှန်ရိုက် ပြီး ရှာခဲ့ကြတာပေါ့...................။
ဒါပါပဲ......
သိတယ်မို့လား....အဲလို....အဲလို....................။)

သွေးစုပ်ဖုတ်ကောင် တစ်ကောင်က ...
ဇာတ်လမ်းတစ်ပုဒ်ထဲမှာ ပြောဖူးတယ်.၊
“ အချစ်ဆိုတာ...
နူးညံ့သိမ်မွေ့ လွန်းတဲ့ သွေးဆာမှုတစ်ခုပါ” တဲ့
ဘယ်လိုလဲ....
သိပ်များကြောက်စရာ ကောင်းသွားပြီလား..၊
အင်း ...အချစ်ဆိုတာ
အဲဒီထက် ပိုကြောက်စရာကောင်းပါတယ်..။

မင်း မသိအောင် အခိုးခံလိုက်ရတဲ့ မင်းရဲ့ တစ်ကိုယ်စာဘ၀လည်း

Freitag, 2. Februar 2007

My Poem(two)

ယုံကြည်မှု ဆိုတာ...............
စိတ်လို မလေလွင့်တတ်ဘူး ၊
ကျောက်သားတွေ အက်ကြောင်း ထင်သလို
မကွဲဘူး ၊
မြေကြီးလို ကြေမွတတ်ရဲ့ ။

ကိုယ့်နာမည်လေး ရေ.................
ထွက်ပြေးခါမှ ထောင်ချောက်ထဲ ၀င်တိုးမိတယ်ဆိုတာ
မသိချင်စမ်းနဲ့ ။
ဒီတံခါးကို ပိတ်ဖို့ ကြိုးစားတာ တစ်ဘ၀စာရှိပြီကွယ်..၊
စက်နှိုးထားတဲ့ လိုင်းကားတိုင်း ထွက်မယ်လို့ ထင်သလား...
ဖန်ခွက်တွေဟာ လွတ်ကျမှ ကွဲတတ်တယ်လို့ ထင်သလား...
ကြော်ငြာကောင်းတိုင်း ယုံကြည်လို့ရမယ် ထင်သလား....
ဟစ်တလာ က ပြောခဲ့ တယ် ၊
“အမှားတစ်ခုကို ထပ်ခါထပ်ခါ ပြောပေးပါ..
အမှန် ဖြစ်လာလိမ့်မယ် ” တဲ့ ။
ဒီ ကော်ဖီဆိုင်မှာ..ဆေးလိပ်ပြာခွက် မရှိတဲ့ အတွက်
ကိုယ့်ရင်ဘတ်ပေါ် ထိုးချေငြိမ်းသတ်လို့ရတဲ့
နည်းတစ်ခုပဲ ရှိတယ် ။

စိတ်တိုင်းမကျစရာတွေ အများကြီးထဲမှာ..
ခေါ်နေမှန်းသိရက် နဲ့ ပြန်မထူးနိုင်တဲ့ ကောင်မလေးဟာ
ပထမဆုံး စာမျက်နှာမှာ ရှိတယ် ။
လေထဲမှာတော့ ငါတော်တော် ခရီးပေါက်ခဲ့မယ် ထင်ပါတယ်
အချက်အလက်ကို လိုချင်တာပါ
အရေးအသားကို လိုချင်တာ မဟုတ်ပါဘူး ။
ငွေကြေးကနေ ဘုရားသခင်အထိ........
ဘာမှ(တကယ်) လိုအပ်နေတာ မဟုတ်ဘူး ၊
ငါတို့ရဲ့ စစ်စစ်မှန်မှန် ဆာလောင်မှုဟာ..
စိတ်ကျေနပ်မှုပါ ။

ဒါသေချာပါတယ်....ကိုယ့်နာမည်လေးရေ
အချစ်ဆိုတာ........
ဥသြဆွဲရုံနဲ့ လုံလောက်တဲ့ မီးပေါ့ဆမှုမျိုး မဟုတ်ဘူး ။
အပြင်းဆုံး အရှုံးဟာ ပန်းပန်လျက်ပါပဲ ၊
ကိုယ်ခြွေတဲ့ စီးကရက်မီးစဟာ
တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် ပြန်စွဲလောင်စေသလိုမျိုးပေါ့ ။

လူတစ်ယောက်က ..
လူတစ်ယောက်အတွက် .....
မလင်းလက်နိုင်ခဲ့ ရင် ဘာလုပ်ရမှာလဲ ၊
ကြယ်တွေကတော့ ကြွေကျတတ်ကျရဲ့ ။
ငါ............. မေးခွန်းပေါက် စာမေးပွဲတွေကို မုန်းတယ် ၊
အဖြေက စပြီးတွက်ရတဲ့ ပုဒ်စာတွေကို မုန်းတယ် ၊
ကိုယ့်နာမည်တပ်ပြီး ဖောက်ဖတ်ခွင့်မရှိတဲ့ စာတွေကို မုန်းတယ် ၊
တစ်ခုပဲ........သေချာတယ်၊
နယူတန် မမြင်ခဲ့လည်း
ပန်းသီးကတော့ ကြွေကျခဲ့မှာပါပဲ..............။ ။

My Poem

ကဗျာတွေ မရေးဖြစ်တာ တော်တော်ကြာပါပြီ။
တိတိကျကျ ပြောရရင် (၂)နှစ်လောက်နီးပါး ရှိရောပေါ့ ၊
အခုမှ ရေးချင်စိတ်ပေါက်လာလို့ ပြန်ရေးကြည့် ဖြစ်တယ်၊ မရပါဘူး။
Essayလိုလို၊ ကဗျာလိုလို ပုံစံမျိုးတွေပဲ ထွက်လာတယ်. . . .
စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ပဲ ချရေးပစ်လိုက်တယ် -------
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ပြောမပြချင်တော့ဘူး . . .မေသက်ချို
တိတ်တိတ်လေးနေလိုက်ဖို့တောင် အသံတွေ မရှိခဲဘူး . . .။
တိမ်တွေကတော့ အလျားလိုက် လွင့်မျောလို့ ၊ ငါ လိမ့်ကျခဲ့တဲ့ ကောင်းကင်ပေါ် - - - - -
သိတယ်မို့လား .........................
တစ်ခါတစ်လေမှာ သူခိုးခိုးခံရတယ်ဆိုတာ ပိုင်ရှင်ရဲ့ ပေါ့ လျော့မှု ဖြစ်နိုင်သေးတာပဲ. . .။
ငါဟာလည်း ပြွတ်သိပ်ကျပ်ညပ်နေတဲ့ လူအုပ်ကြီးထဲမှာ ငါ့ကို ဘယ်လိုခိုးသွားလဲ မသိလိုက်ဘူး . . .
အဲဒီနေ့က ငါပြန်လာတော့ ငါက ပြန်မရောက်သေးဘူး ၊
ဒီကောင် ဘယ်တွေလျှောက်သွားနေပါလိမ့်လို့ တွေးရင်း သီချင်းလေးတစ်ပုဒ် ဖွင့်နားထောင်နေလိုက်တယ် ။
နောက်နေ့မှာလည်း . . . .
ငါ ရောက်မလာတော့ ဘူး ။
ငါက ငါ့ကို မျှော်ရင်း သီချင်းတစ်ပုဒ်ကို ထပ်ချည်းတလဲလဲ နားထောင်နေလိုက်တယ်.....၊
ဒါပေမယ့် ငါကတော့ ပြန်မလာတော့ပါဘူး ။ ...............................................................
........................................................................................................................
နောက်ဆုံး စိတ်မရှည်တော့တာနဲ့ သီချင်းလေးကို ကွန်ပျူတာလေးထဲ ထည့် ဖွင့်လိုက်တယ် ။....
သီချင်းလေးဟာ....ကွန်ပျူတာလေးထဲမှာ အပြင်ကထက် ဆယ်ဆလောက် ဆွဲငင်လို့ .................၊
ပျား၊ ပိတုန်းတွေ ၀ဲပျံနေအောင် ခ်ျိုမြ လက်ရှလို့ ...............................................................၊
ငါ့ဆီ ပြန်မလာတဲ့ ငါဟာ သီချင်းလေးထဲမှာ ပေါလောမျောလို့...............................................၊
သီချင်းလေးဟာ........... စမ်းရေထက်လည်း အေးလို့
ပန်းတွေထက်လည်း မွှေးမြလို့
ပင်လယ်ထက်လည်း ကျယ်ပြောလို့
မြစ်တစ်စင်းထက်လည်း ကွေ့ ၀ိုက်လို့ - - - - - - - - - - - - - - -
ငါ သေသေချာချာ နားစိုက်ထောင်ကြည့်လိုက်တော့ သီချင်းသံဟာ သဲ့ သဲ့လေးပါလား . . .. . . . . . . . . . .
ဆောင်းဦးထဲကို နှင်းတွေ ခြေဖျားထောက် ဆင်းလာသလိုမျိုး - - - - - -

အဲဒီကတည်းက...................
အဲဒီကတည်းက...................
အဲဒီကတည်းက စပြီးတော့
ငါဟာ ငါကို မတွေ့ ရ တော့ဘူး ၊
ငါမရှိတဲ့ ငါက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
ကြောင်တောင်တောင်ဖြစ်ကျန်ခဲ့ တယ် ။
သိတယ်မို့လား...............အဲလို........အဲလို......အဲလို......။ ။

Donnerstag, 1. Februar 2007

Person Of the Year.2006

ဒီနေ့ သူငယ်ချင်းနှစ်ယောက် က သတင်းဆိုးတစ်ခု ယူလာတယ်။
Free Mail တွေ ပိတ်လိုက်ပြီတဲ့ ~~~~~~~~~~~?????
ပြောကြတာကတော့ Mail 4 Uတွေ မရောင်းရလို့ ဆိုလားပဲ။ နောက် Serverတွေကို Free Mailတွေကနေ attack
ခဏ ခဏ အလုပ်ခံရတာကြောင့် တဲ့----------------- ;-I
[ဟာ...ကွာ..........သူငယ်ချင်းတွေနဲ့ တော့ အဆက်အသွယ် ပြတ်ပါပြီ။]
{{{{{{{{{{{^^^^^^^^ စိတ်ညစ်တယ်ဗျို့ ^^^^^^^^^}}}}}}}}}}}}}
;- (
;>)
;-(
8-(
;-#
း-?????????????????????????????????????
Wohhhhhhhh,,,,,,,,,,,,၂၀၀၆ ခုနှစ်ရဲ့ အထူးခြားဆုံး ဂုဏ်ပြုခံလူသား(Person of the year) ကို Time Magazineက
ကြေငြာလိုက်တယ်။ ဘယ်သူဖြစ်မယ် ထင်လဲ.........?
PERSON OF THE YEAR, 2006....???????????
;-!
" YOU " တဲ့ ၊( “ဒီစာကို ဖတ်နေတဲ့ သင်ကိုယ်တိုင်ပါပဲ” တဲ့ ။) ဟား ..ဟား ...မယုံသေးဘူးလား၊ အောက်မှာ ဖတ်ကြည့် -----
" Yes, you.
You control the Imformation Age .
Welcome to your world ." တဲ့ ။
နောက်......သေချာတာ တစ်ခု ပြောလိုက်ဦးမယ်...၊
ခင်ဗျားဟာ ဒီစာကိုဖတ်ပြီး ရီနေတယ်ဆိုရင် ဒီဆုကို ခင်ဗျား မရထိုက်သေးဘူး.......
အဲ......အနည်းငယ် တွေဝေသွားမိတယ် ဆိုရင်တော့ ဒီဆုနဲ့ နီးစပ်နိုင်ပါတယ်.......၊
ကျွန်တော်ကတော့ ရီနေတယ်ဗျ.....................................။ ။

My lovely heart-broken Night

ဟား..........ဟား .....ဟား
ဒီည အရမ်းရယ်နေရတယ်။ ( ဘာဖြစ်လို့ ဆိုတာတော့ ငါကိုယ်တိုင်လည်း သေချာမသိဘူး။)
သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်မှာပါ . . . .၊ငါ့ အကြောင်းကို ၀ိုင်းပြောနေကြတာ . . . . ။
Fri: “ ဟေ့ ကောင်ရာ......ပီကေကို အချိုဓာတ်ကုန်ရက်နဲ့ ဆက်ဝါးနေရင် ပါးညောင်းတာပဲ
အဖတ်တင်မှာပေါ့ ။”
Me: “ ဟာ.......အချစ်ဆိုတာ ပီကေမှ မဟုတ်တာ၊ ”
Fri: “ အေးလေ၊ ငါကကော ပီကေက အချစ်လို့ ပြောလိုက်မိလို့လား ”
(ဘာရယ်မဟုတ်ဘဲ ရယ်မိကြသည်။)
Fri: “ ကောင်မလေးတစ်ယောက်ကို ချစ်တယ် လို့ ပြောရတာ လွယ်လွယ်လေးပါကွာ၊ ဘာပြသနာမှ
မရှိပါဘူး၊”
Me: “ ဒါဆို ဘာက ပြသနာရှိတာလဲ၊ ”
Fri: “ မင်းပြောတာကို သူကြားသွားတာက။”
အချစ်ဟာသတွေ တော်တော်လေး ပြောပြီး ရယ်မောဖြစ်ကြတယ်။ ငါရော အပါအ၀င်ပေါ့ ...................
ဘာလို့လဲ???????????????
ငိုချင်နေလို့ များ ဖြစ်နေမလား . . . . . . . . . .
???????????????????????????????????????????????????????????????????????????????
ထပြန်ခါနီမှ သူငယ်ချင်းတစ်ယောက်က မေးတာပါ။
“ မင်း chattingထဲမှာ ကွဲလာတာလို့ ပြောပြီး မင်းကြည့် ရတာ ဘာမှမထူးခြားသလိုပဲ။ ”
အချင်းချင်းတွေမို့ ပြောင်ချော်ချော်နဲ့ ပဲ ပြန်ပြောဖြစ်တယ်။
“ ဟာ..........စကြာသဠာကြီးတောင် ငါမမေ့သေးပါဘူး၊ သူ့ဆိုရင်....ပြောစရာ လိုလို့ လား၊”
ဒီရက်များတွင် ကျွန်တော် Blogရေးခြင်းကိုသာ အဓိက အာရုံစိုက်ဖို့ ဆုံးဖြစ်ထားပါသည်။ အသဲကွဲလို့
ဆိုပြီး ငူငူငိုင်ငိုင်ဖြင့် အရက်သွားသောက်တတ်သော လူငယ်တစ်ယောက်ပုံမျိုးကို ခပ်ညံ့ညံ့ ဗွီဒီယိုဇာတ်ကားများတွင်
သွားကြည့်ပါ။ ကျွန်တော်တို့ ဘ၀ဆိုသည်မှာ ပြဇတ်တစ်ပုဒ် မဟုတ်သလို၊ အပျင်းပြေနားထောင်ရသော ပုံပြင်မျိုးလည်း
မဟုတ်ပါ။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲက ပုံစံမျိုးနှင့်လည်း တူလိမ့်မည် မထင်ပါ။
ထားပါ.............၊ ကျွန်တော် သူမကို ချစ်မိသည်ဆိုသည်မှာ အသက်ရှုသလောက် လွယ်ကူပါသည်။ ထိုအတူ
အသက်ရှုသလောက်လဲ အရေးကြီးပါလိမ့်မည်။ ။